ချစ်ကြည်ရေး ဘောလုံးအားကစားပြိင်ပွဲ ကျင့်ပရန် အကြိုညှိနှိုင်း ဆောင် ရွက်လျက်ရှိ

ငပုတော အောင်တိုဘာ ၈ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ဖလားဘောလဲုး အားကဲစားပြိုင်ပွဲ ကျင်းပနိုင်ရေး
အောင်တိုဘာလ (၇)ရက် ယမန်နေ့ နေ့လည် ၂း၀၀ နာရီအချိန်က ဟင်းအိုးချောင်းအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းဆောင်ရွက်ခဲ့သည်

ဟင်းအိုးချောင်းအုပ်စု အုပ်ချပ်ရေးမှူးဖလား ချစ်ကြည်ရေး ဘောလုံး
အားကား ပြိုင်ပွဲကျင်းပနိုင်ရေး အကြိုညှိနှိုင်းဆောင်ရွက်ရာမှာ အုပ်စုအုပ်ချုပ်ရေးမှူး မန်းဇာနည်အောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွင့်အမှာစကား ပြောကြားရာမှာ အုပ်စုအုပ်ချုပ်ရေးမှူး ဖလား ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းခြင်းမှာ မိမိတို့ အုပ်စုရဲ့ စည်းလုံးညီညွှတ်ခြင်းကို သဘောဆောင်တာဖြစ်ပြီး ကျင်းပရေး ကော်မတီများ စနစ်တကျ ဖွဲ့စည်းသွာကြဖို့ လိုအပ်ပါကြောင်း အားကစားစိတ်ဓာတ်ကို အရင်းခံထားကာ ဘောလုံးအားကစားခြင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်

အုပ်ချုပ်ရေးမှူမှ ဆက်လက်ပြောကြားရာမှာ ဟင်းအိုးချောင်း အုပ်စုမှာ အရင်ကဆို အုပ်ချုပ်ရေးမှူးဖလား ဘောလုံးအားကစား ပြိုင်ပွဲများ မရှိခဲ့သော်လည်း ကွင်းချောင်းအုပ်စုနှင့် အိမ်ရှင်ဟင်းအိုးချောင်း အုပ်စုနှစ်အုပ်စုတို့သည် နှစ်စဉ်ပတ်လည် ဘောလုံးအားကစား ပြိုင်ပွဲများ အမြဲရှိခဲ့ပြီး ကိုဗစ် ၁၉ ကူးစက်ရောဂါ ဖြစ်ပေါ်လာမှုကြောင့် ၂၀၂၀ မှ ယခုအချိန်အထိ သုံးနှစ်တာကာလ အတိုင်းအတာ တစ်ခုအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ယခုနှစ်မှာ ပြန်လည်
အကောင်အထည်ဖေါ် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်

ဟင်းအိုးချောင်း အုပ်စုအုပ်ချုပ်ရေးမှူး ဖလားချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်မှာ လူငယ်များအနေဖြင့် အားကစားစိတ်ဓာတ် ရှင်သန်လာနိုင်ရေး ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် ဖွံဖြိုးပြီး လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု အမြဲရှိစေရေး အစုအဖွဲ့ဖြင့် လုပ်ဆောင်တတ်သော လေ့အကျက်ကောင်းများ လူငယ်များတွင် ရှိလာစေရေး တစ်ဦးနှင့် တစ်ဦးတို့သည် အပေးအယူ မျှတမှုရှိပြီး တစ်ဦးနှင့် တစ်ဦးအကြား နားလည်မှု ယုံကြည်မှု
များ အပြန်အလန် ရှိစေရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်

ဟင်းအိုချောင်း အုပ်စုအုပ်ချုပ်ရေးမှူ ဖားလားချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အကြိုညှိနှိင်း ဆောင်ရွက်ရာ တက်ရောက်လာကြသော ဘောလုံးအကစား ဝါသနာရှင်များ/ရပ်မိ/ရပ်ဖများ/အုပ်ချုပ်ရေး ဘုတ်အဖွဲ့များမှ အကြေအလည် ညှိနှိုင်းခြင်း ဘောလုံးအားကစား မိန်းကော်မတီ ဆပ်ကော်မတီ အသင်းအုပ်ချုပ်သူ နည်းပြသူ ကြီးကြပ်ရေး.ကော်မတီနှင့် ဒိုင်အဖွဲ/အဖွဲ့ဝင်များ ကဏ္ဍအလိုက် အသီးသီး ဖွဲ့စည်းခဲ့ကြပြီး အားကစား ပြိုင်ပွဲကို
အောင်တိုဘာလထဲမှာ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်းညသတင်းရရှိသည်
MJA. (ငပုတော)