ငပုတာ ဩဂုတ်.၁၂ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်း
အုပ်စု ရေငံ-သရက်ကုန်း ကျေးရွာနေ ပြည်သူများ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများ စုပေါင်းလမ်းပြုပြင်ခြင်းများကို ဩဂုတ်လ ၁၂ ရက် ဒီကနေ့ မနက်က စုပေါင်းဆောင်ရွက်ခဲ့ကြသည်

ရေငံ-သရက်ကုန်း. ကျေးရွာနေ ပြည်သူများ.အုပ်ချုပ်ရေးအဖွဲ့များ.စုပေါင်း.လုပ်အားပေး လမ်းပြုပြင်ခြင်း ဆောင်ရွက်ရာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေငံ-သရက်ကုန်း ရွာခြင်းဆက်လမ်းမကြီး ပျက်စီးယိုယွင်း
နေသဖြင့် ခရီးသွားပြည်သူများ/ကျောင်းဆရာ/ဆရာမများ/ကျောင်းသား/
ကျောင်းသူများ.အရေးပေါ် ကျန်းမာရေးအတွက် သွားလာသူများ.အခက်အခဲ.ကြုံတွေ့နေရသဖြင့် စုပေါင်း၍ လမ်းပြုပြင်.လုပ်အားပေး ဆောင်ရွက်ခဲ့သည်

ဩဂုတ်လ ၁၂ ရက် ဒီကနေ့မှာ စုပေါင်းလမ်းပြုပြင် လုပ်ပေးဆောင်ရွက်ခြင်းမှာ ပျက်စီးနေသော လမ်းပိုင်းများကို အောက်အမာခံ အုတ်ကျိုးများခင်းခြင်း အုတ်ကျိုးပေါ်တွင် ချောင်းကျောက်များ ထပ်ဆင့်ခင်းခြင်း.ဆောင်ရွက်ခဲ့ကြရာ ရေငံ-သရက်ကုန်း
ကျေးရွာနေ.ပြည်သူများ ဟင်းအိုးချောင်းအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိများ/ငပုတောမြို့နယ် ကြက်ခြေနီ အသင်း(ခွဲ)ဖြစ်သော ဟင်းအိုးချောင်းအုပ်စု ကြက်ခြေနီ တပ်ဖွဲ့ဝင်များ.ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်

MJA (ငပုတော)