ညှိနှိုင်းဆွေးနွှေးခြင်း ဆောင်ရွက်

ငပုတော နိုဝင်ဘာ ၂၀. ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်း ကျေးရွာအုပ်စု ရေငံ-သရက်ကုန်း အခြေခံ ပညာရေး အထက (ခွဲ) ကျောင်းတွင် ကျောင်းကော်မတီ/ကျောင်းဆရာ /မိဘအသင်း ရှေ့ဆက်လုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရေငံ-သရက်ကုန်း အခြေခံ ပညာရေး အထက (ခွဲ) ကျောင်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပံငွေ ဒုတိယအကြိမ် ရရှိခြင်း သုံးစွဲ/ရာထားချက် ကုန်ကျမှု ရှင်းလင်းခြင်းများကို နိုဝင်ဘာလ ၂၀ ရက် ဒီကနေ့ နေ့လည် ၁၂း၀၀ နာရီအချိန်က. ကျောင်းအုပ်ရုံးခန်းတွင် ဆောင်ရွက်ခဲ့သည်

ရေငံ-သရက်ကုန်း အခြေခံ ပညာရေး အထက (ခွဲ) ကျောင်းမှာ ကျောင်းကော်မတီ/ ကျောင်းဆရာ/မိဘအသင်း ရှေ့ဆက်လုပ်ငန်းစဥ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရေငံ-သရက်ကုန်း အခြေခံ ပညာရေး အထက (ခွဲ) ကျောင်း ဖွံ​ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဒုတိယအကြိမ် ရရှိခြင်း ရသုံး/ယာထား ဆောင်ရွက်မှု ကုန်ကျစရိတ်နှင့် လက်ကျန်ငွေ ပမာနကို
ရေငံ-သရက်ကုန်း အခြေခံ ပညာခံရေး အထက (ခွဲ) ကျောင်းမှ
ကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုစုဟန်မှ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကျန်ငွေ ပမာနကို ရေငံ-သရက်ကုန်း အခြေခံ ပညာရေး အထက (ခွဲ) ကျောင်းမှ ကျောင်းကော်မတီ/ကျောင်းဆရာ/မိဘအသင်း ရန်ပုံငွေ ထိမ်းသိမ်းရေးဖြစ်တဲ့ ဘဏ္ဍာရေးမှူးထံ လွှဲပြောင်း ပေးအပ်ခဲ့သည်

၎င်းနောက် ရေငံ-သရက်ကုန်း အခြေခံ ပညာရေး အထက (ခွဲ)ကျောင်းမှာ ရှေ့ဆက်လုပ်ငန်းစဥ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရေငံ-သရက်ကုန်း အခြေခံ ပညာရေး အထက (ခဲ) ကျောင်း ဖွံဖြိုးတိုးတက်ရေး ရန်ပုံငွေ ဒုတိယအကြိမ် ရရှိခြင်းနှင့် ရသုံး/ယာထားချက် ကျောင်းကော်မတီ/ကျောင်းဆရာ/မိဘအသင်း ညှိနှိုင်းဆွေးနွှေးခြင်းသို့ တက်ရောက် လာကြသော အုပ်ချုပ်ရေးမှူး/ ဆယ်အိမ်မှူး/ရာအိမ်မှူများ/ကျောင်းကော်မတီ/ကျောင်းဆရာ/မိဘအသင်းတို့မှ သေးစိတ်ပြန်လည် ညှိနှိုင်းဆွေးနွှေးခဲ့ကြကြောင်း သတင်းရရှိသည်

ဧရာတီ-ဇနက (ငပုတော)