ငပုတော အောင်တိုဘာ ၁၅ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်း ကျေးရွာအုပ်စု ရေငံ-သရက်ကုန်း အခြေခံ ပညာရေး အထက (ခြဲ) ကျောင်းတွင် အောင်တိုဘာလ (၁၅) ရက် ဒီကနေ့ မနက် ၇း၀၀ နာရီမွ ၁၀း၀၀ နာရီ အချိန်အထိ ကျောင်းနှင့် ကျောင်းမျက်နှာစာကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာ လွပ စိမ်းလန်း စိုပြေရေးအတွက် စုပေါင်း သန်းရှင်းရေး ဆောင်ရွက်ခဲ့ကြသည်

ရေငံ-သရက်ကုန်း အခြေခံ ပညာရေး အလက (ခြဲ) ကျောင်းတွင် ကျောင်းနှင့်ကျောင်းမျက်နှာစာ ကျောင်းပတ်ဝန်းကျင် သာယာ လွပ စိမ်းလန်း စိုပြေရေးအတွက် စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ ပညာသင်ယူ နေကြသော ကျေင်းသား/ကျောင်းသူ ကေလးသူငယ္မ်ား ပိုးမွှး အန္တရာယ် ကင်းရှင်းရေး ခြင်အခိုက် ခံရမှုကြောင့် ကူးဆက်ရောဂါ မျဖစ္ပြား စေရေးနှင့် ကျန်းမာရေး ပြည့်ဝပြီး စိတ်အေးချမ်း ပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး တို့အတွက် ဆောင်ရွက်ရခြင်း ဖြစ်သည်

ငပုတောမြို့နယ် ဟင်းအိုးချောင်း ကျေးရွာအုပ်စု ရေငံ-သရက်ကုန်း အခြေခံ ပညာရေး အထက (ခြဲ) ကျောင်းတွင် ကျောင်းနှင့်ကျောင်း မျက်နှာစာ ကျောင်းပတ်ဝန်းကျင် သန်းရှင်းသာယာ လွပ စိမ်းလန်း စိုပြေရေး အတွက် စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ရာမှာ ကျေးရွာ အုပ္စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ/ကျောင်းအကျိုးဆောင်/ ကျောင်းကော်မတီများ ငပုတောမြို့နယ် ကြက်ခြေနီ အသင်း (ခြဲ) ဟင်းအိုးချောင်းအုပ်စု ကြက်ခြေနီ တပ်ဖွဲ့ဝင်များ/လူငယ္မ်ား
ပူးပေါင်း၍ ခြုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း မြက်ခုတ်(ရိတ်) စက်ဖြင့် ခုတ်ဖြတ်(ရိတ်)ခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်
MJA. (ငပုတော)