ငပုတော စက်တင်ဘာ ၂၀ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း အထက(ခွဲ) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းဆရာ/ဆရာမ/ကျောင်းသားမိဘ/ ကျောင်းအကျိုးဆောင်များ.ဆွေးနွေးဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၂၀ ရက် ဒီကနေ့ နေ့လည် ၁၂း၀၀ နာရီ အချိန်မှာ ပြုလုပ်ဆောင်ရွက်ခဲ့သည်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ရေငံ-သရက်ကုန်း အထက (ခွဲ) ကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုစုဟန်မှ ဆွေးနွေးတင်ပြ ကြောကြား ရာမှာ ယခု၂၀၂၃-၂၀၂၄ ပညာသင်နှစ်သည် စနစ်သစ်ဖြစ်တဲ့အတွက် ကလေးများမှာ အတွေ့အကြုံ မရှိသေးသဖြင့် ကလေးများအတွက် ကျရှုံးမှု မရှိစေရေးအတွက် ကျောင်းသားမိဘများမှ မိမိတို့သားသမီးများကို ကြပ်မှတ်၍ စာရေးစာဖတ် အားနည်းချက်ကို ပူးပေါင်းဆောင်ရွက် ပေးဖို့ လိုအပ်ပါကြောင်း ညကျောင်းခေါ်ယူ အချိန်ပို သင်ကြားပေးသွားပို့ စီစဉ်ဆောင်ရွက်လျှက် ရှိပါသဖြင့် မိဘများက ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်

ကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုစုဟန်မှ ဆက်လက်ဆွေးနွေးပြောကြားရာမှာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများကို ညကျောင်းအချိန်ပို ခေါ်ယူသင်ကြားရမှာ ဖြင့်တဲ့အတွက် ကလေးများရဲ့ လုံခြံရေးကို ဝိုင်းဝန်း ဆောင်ရွက်ပေးကြပို့ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသားမိဘ/ကျောင်းအကျိုးဆောင်/ကျောင်းကော်မတီများမှ အပြန်အလန် အကြေအလည် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်