ဆောင်ရွက်

ငပုတော အောင်တိုဘာ ၇ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း.အခြေခံ ပညာရေး.အထက်တန်းကျောင်း(ခွဲ)တွင် အောင်တိုဘာလ.၇ ရက် ဒီကနေ့မှာ ကျောင်းသး/ကျောင်းသူများကို စုပေါင်းအဟာရ ကျွေးမွေးခြင်းကို ဆောင် ရွက်ခဲ့ကြသည်

ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း ပညာရေး
အထက်တန်း ကျောင်း(ခွဲ)
တွင် ကျောင်းသားအဟာရ ကျွေးမွေးခြင်းကို ရေငံကျေးရွာရှိ ကျောင်းသားမိဘများတို့မှ စုပေါင်း၍ ကျောင်းသား/ကျောင်းသူ
များကို မုန့်ဟင်းခါး ညှတ်ခေါက်ဆွဲဖြင့် ကျောင်းသားအဟာရ ကျွေးမွေးခဲ့ကြသည်

ကျောင်းသားအဟာရ ကျွေးမွေးရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းနေရွယ် ကလေးများ အားလုံးတိုသည် ပညာရေး ဆည်းဖူးသင်ယူနေကြတဲ့ အချိန်အခါမှာ
ကျောင်းသား/ကျောင်းသူများ အဟာရ ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ခန္ဓာ ဖွံ့ဖြိုး၍ ညဏ်ရည်မြင့်မား
သော ကလေးသူငယ် လူငယ်လူရွယ်လေးများ အနာဂတ်ရဲ့ သာကောင်းရတနာလေးများ အနာဂတ် နိုင်ငံတော်အတွက် ဝန်ထမ်းကောင်း တောက်ပတ်သော ကြယ်ပွင့်လေးများ ဖြစ်ပေါ်လာစေရေးကို ရှေးရှူ့ကာ မုန့်ဟင်းခါး ညှတ်ခေါက်ဆွဲဖြင့် ကျောင်းသား အဟာရ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်

MJA (ငပုတော)