ငပုတော ဩဂုတ် ၂၃ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း
ပညာရေး အထက(ခွဲ)ကျောင်းတွင် ကျန်းမာရေးဟောပြောခြင်း ဆေးဝါးကုသမှု ကုသမှု ကျန်းမာရေး စောင့်ရှောက်ခြင်းကို ဩဂုတ်လ ၂၃ ဒီကနေ့မှာ
သံလွင်ဆောင် စသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်

ရေငံ-သရက်ကုန်း အခြေခံပညာရေး အထက(ခွဲ) ကျောင်းတွင် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းဆေးဝါးကုသမှု ကျန်းမာ ရေး စောင့်ရှောက်မှုပေး
ခြင်း ဆောင် ရွက်ရာမှာ ရေငံ-သရက်ကုန်း အခြေခံပညာရေး အထက (ခွဲ)မှကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုစုဟန်မှ အခမ်းအနား အဖွင့် အမှာစကား ပြောကြားခြင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုစုဟန်မှ အဖွင့်အမှာစကားပြောကြားရာတွင် သားတို့သမီးတို့ ကျောင်းသား/ကျောင်းသူများအနေနှင့် ကျန်းမာကြံ့ခိုင်၍ ကျန်းမာသန်စွမ်း ဖွံဖြိုးပြီး အနာဂတ် နိုင်ငံ့သားကောင်း ရနနာလေးများဖြစ်လာစေရေးကို ရည်ရွယ်၍ အခုလို ကျောင်းအတွင်း ကျန်းမာရေးဟောပြောခြင်း ဆေးဝါးကုသမှု ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို.ဆောင်ရွက်သည်ဖြစ်၍ သားတို့သမီးတိုကျောင်းသား/ကျောင်းသူများအနေဖြင့်.လိုက်နာကျင့်သုံးနိုင်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်

၎င်းနောက် ဟင်းအိုးချောင်းအုပ်စု ကျန်းမာရေးဌာန(ခွဲ)မှ နယ်မြေအပိုင်တာဝန်ကျ ဆရာမ နမ့်နွယ်နီဝင်းမှ ကျန်းမာရေး အသိပညာပေး ဟောပြောရာ ယခုရာသီကာလသည် ခြင်များပေါက်ပွားသော မိုးရာသီဖြစ်သောကြောင့် ခြင်အကိုက်မခံရစေအောငျ သတိထား နေထိုင်ကြဖို့ လိုအပ်ကြောင်း ခြင်အကိုက်ခံရမှုကြောင့် ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးရောဂါများ ဖြစ်ပေါ်လာပြီး အချိန်မှီဆေး ကုသမှုမပြုလုပ်နိုင်ပက
အသက်အန္တရာယ် ဆုံးရှုံးမှုများ ကြုံတွေ့လာနိုင်ကြောင်း အဟာရချို့တဲ့၍ ကိုယ်ခန္ဓာ.ခုခံအားကျဆင်းပြီး ကူးစက်ရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်နိုင်၍ အဟာရအုပ်စု ပြည့်မှီသော.အဟာရအုပ်စု အစားအစာများကို များများစားသုံးပေးဖို့ လိုအပ်ပါကြောင်း အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်

ဆက်လက်၍ ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း ကျန်းမာချမ်းသာ ဆေးပရဟိတအဖွဲ့မှ ဆေးကြီးကြပ် (၂)
ဦးရဲလင်းကျော်မှလည်း ကျန်းမာရေးအကြောင်း အထွေထွေဗဟုသုတ ဖြစ်စေရန်အတွက် ငှက်ဖျားရောဂါ သွေးလွန်တုပ်ကွေးရောဂါ ရာာသီတုပျကှေးရောဂါ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပေါ်လာခြင်းမှာ ခြင်ကြားအကိုက်ခံရခြင်းကြောင့် လည်းကောင်း
မသန့်ရှင်းသောရေကို သောက်သုံးမိသောကြောင့် လည်းကောင်း ယဉ်နားထားသောအစားအစာများကို စားသုံးခြင်းကြောင့်လည်ကောင်း
အမှည့်လွန်ကဲသောအစားအစာများကို စားသုံးမိခြင်းကြောင့် လည်းကောင်း ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ကွမ်းနှင့်ဆေးရွက်ကြီးကြောင့် ဖြစ်ပေါ်လာနိုင်သော ခုခံအားကျဆင်းခြင်းနှင့် ကူးစက်ရောဂါများ ဆေးရွက်ကြီးရဲ့ ဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့်တကွ ဆိုးကျိုးများကို ရုပ်ပုံကာချပ်ဖြင့် ရှင်းလင်းခြင်း ကူးစက်ရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေသော ခြင်ကြားပေါက်ပွားမှု မဖြစ်ပွားစေရေးကို စနစ်တကျ လိုက်နာကျင့်သုံးသွားကြရန်လည်း
ဟောပြောခဲ့သည်

ရေငံ-သရက်ကုန်း အခြေခံပညာရေး အထက(ခွဲ)ကျောင်းမှာ ဆေးဝါးကုသမှု ကျန်းမာရေး စောင့်ရှောက်မှု ကျောင်းကျန်း မာရေး ဟောပြောခြင်းမှာ တမံချောင်းအုပ်စု ကျန်းမာရေးဌာန(ခွဲ)မှ ဆေးကြီးကြပ်(၂) ဦးရှိုင်း
ဝေယံဇော်မှ ဆက်လက်.ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ရာ ဖုံး/သွန်/လဲ/စစ် ခြေပြုစကားစု.လေးစုဖြင့် အသေးစိတ်ရှင်းလင်းဟောပြောခြင်း ငှက်ဖျားရောဂါပို ရာသီတုပ်ကွေးရောဂါပိုး.သွေးလွန်တုပ်ကွေးရောဂါပိုး ဝမ်းပျက်ဝမ်းလျှောရောဂါပိုးများ
ပေါက်ပွားရခြင်းများ မဖြစ်ပေါ်စေရေးအတွက် သန့်လေးသန့်ဖြစ်သော
အစာသန့်./ရေသန့်/လက်သန့်/အိမ်သာသန့်./ဆိုတဲ့သန့်လေးသန့်ကို နေ့စဉ်ပုံမှန် အညစ်အကြေးကိုင်တွယ်ပြီးတိုင်း အိမ်သာတက်ပြီးတိုင်း အစာမစာခင်နှင့် အစာစားပြီးတိုင်း အမြဲးတမ်း လက်ကိုဆပ်ပြာနှင့်
စင်ကြယ်စွာ စနသ်တကျ
ဆေးကြောခြင်းကို ပြုလုပ်ရန်လိုအပ်ကြောင်း လုံလေးလုံ ဖြစ်တဲ့ ရေလုံ/ ယဉ်လုံ/အနံ့လုံ/အရှက်လုံ/ ခြင်းဆိုတဲ့အိမ်သာကိုလည်း အသုံးပြုရန် လိုအပ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်

ကျောင်းကျန်းမာရေး ဟောပြောခြင်း အပိုင်းကဏ္ဍ အခမ်းအနားပြီးဆုံးသွားပြီးနောက် ရေငံ-သရက်ကုန်း.အခြေခံပညာ ရေး အထက (ခွဲ) ကျောင်းတွင် ပညာသင်ယူလျက်ရှိကြသော ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးကုသမှု.ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ ကလေးသူငယ်များအား.အရပ်တိုင်းခြင်း သွေးပေါင်ချိန်ခြင်း အပူချိန်တိုင်ခြင်းများ ဆောင်ရွက်ပေးခြင်း လိုအပ်သောဆေးဝါးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း လိုအပ်လျက်ရှိသော အဟာရ အစားအစာများ အဟာရပြည့်ဝသော.အစာအဟာရများ စားသုံးနိုင်ရန် မှာကြားခြင်း လိုအပ်သည်များကို ဆောင် ရွက်ပေးခြင်းများကို.တိကျစွာကျန်းမာရေး.ဆေးဝါးကုသ စောင့်ရှောက်မှုများကို မနကျ၉း၃၀ နာရီမှ နေလည် ၂၁း၀၀ နာရီ အချိန်ထိ.ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်
MJA (ငပုတော)