ငပုတော ဩဂုတ် ၁၄ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း အခြေခံပညာ အထက(ခွဲ)
ကျောင်ဝန်းးအတွင်းမှာ အ မှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အ မှိုက်မီးရှို့စက် ဆောက်လုပ်ခဲ့ရာ အရာခိုင်နှုံး ပြည့်မှီစွာ ဆောင်လုပ်ပြီးစီးခဲ့၍ စတင်လည်ပတ်ကာ အမှိုက်များအား စနစ်တကျ မီးရှို့ဖျက်ဆီးလျက်ရှိသည်

ရေငံ-သရက်ကုန်း အခြေခံပညာ အထက(ခွဲ)
ကျောင်းအတွင်း နှစ်စဥ်နှစ်တိုင်း ကျောင်းဈေးတန်းမှ ရောင်းချသော.ကျောင်း.ဈေးတန်း
မုန့်များကို ကလေးများဝယ်ယူ စားသုံးလျက်ရှိကာ မုန့်ထုပ်အခွံ မုန့်အိတ်များ ပလပ်စတစ်အိတ်များ စွန့်ပစ်ပစ္စည်းများတို့ကြောင့် ကျောင်းဝန်းအတွင်း အမှိိုက်များ သည်.များပြားလျက်ရှိသလို ကျောင်းဝန်းအတွင်းမှာ အမှိုက်ပုံသည် ဒုထည်ပမာဏ ကြီးမားလာပြီး ရေရှည်မာ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် မီးဘေးအန္တရာယ် စိုးရိမ်ရခြင်း ပညာသင်ယူနေကြသော
ကျောင်းသား/ကျေင်းသူကလေးသူငယ်များ ကျန်းမာရေး ထိခိုက်မှု ဖြစ်ပေါ်လာနိုင်ခြင်း ကျောင်းဝန်းအတွင်း သာယာလှပမှုများ ထိခိုက်ပျက်စီးစေလျက်ရှိသည်

ရေငံ-သရက်ကုန်း အခြေခံပညာ အထက(ခွဲ)
ကျောင်းဝန်းအတွင်းမှာ စွန့်ပစ်အမှိုက်များ များပြားလာခြင်းမှာ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်သလို ပညာသင်ယူနေကြတဲ့ ကျောင်းသား/ကျောင်းသူ ကလေးသူငယ်များအတွက် ကျန်းမာရေး ထိခိုက်လာနိုင်ခြင်း ကပ်ပါးပိုး ကူးဆက်ရောဂါ ပိုးအမျိုးမျိုး တို့ကြောင့် ဖြစ်ပေါ်လာနိုင်သော ကူးစက်ရောဂါများ ခြင်အကိုက်ခံရမှုကြောင့် ဖြစ်ပေါ်လာမဲ့.ရာသီတုပ်ကွေးရောဂါ သွေးလွန်တုပ်ကွေးရောဂါ ဒေသအလိုက် ဖြစ်လေ့ဖြစ်ထရှိသော ငှက်ဖျားရောဂါ နင့်တကွ အခြားကူးစက်တတ်သော ရောဂါပိုးများ ကြိုတင် တားဆီးကာကွယ်ခြင်းကိုရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်

ကျောင်းဝန်းအတွင်း အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အမှိုက်မီးရှို့စက် တည်ဆောက်ခြင်းကို ရေငံ-သကုန်း အထက(ခွ)ကျောင်းအုပ်ဆရာကြီ ဒေါ်ချောချောစုစုဟန်မှ ဦးစီးဦးဆောင်မှုပြု၍ ကျောင်းဆရာ/ဆရာမများ/ကျောင်းသားမိဘများ/ကျောင်းကော်မတီဝင်များတို့မှ ပူးပေါင်းပါဝင် ထည့်ဝင်ခြင်းဖြင့် အမှိုက်မီးရှို့စက် တည်ဆောက် ပြုလုပ်ခဲ့ရာဆောက်လုပ်ပြီးစီး၍ အမှိုက်များကို စနစ်တကျဖြင့် စတင်လည်ပတ် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း
သတင်းရရှိသည်
MJA (ငပုတော)