စိုက်ပျိုးခြင်း ဆောင်ရွက်လျက်ရှိ

ငပုတော စက်တင်ဘာ ၂၀ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်း အုပ်စု ဟင်းအိုးအခြေခံ ပညာရေး အစိုးရ မူလတန်းကျောင်းတွင် စက်တင်ဘာလ ၂၀ ရက် ဒီကနေ့မနက် ၇း၀၀ နာရီ အချိန်မှာ.စုပေါင်း၍ ကော်ဖီပင်များကို စိုက်
ပျိုးခြင်း ဆောင်ရွက်ခဲ့သည်

ဟင်းအိုးချောင်း အခြေခံ ပညာရေး အစိုးရ မူလတန်းကျောင်းတွင် စုပေါင်း၍ ကော်ဖီပင်များ စိုက်ပျိုးရခြင်းမှာ ဟင်းအိုးချောင်း အခြေခံ ပညာရေး အစိုးရ မူလတန်းကျောင်းသည် နှစ်ပေါင်းများစွာက တည်ဆောက် ပညာသင်ကြားပေးခဲ့ရာ ယခုအခါမှာ ကျောင်းဆောင်ကြီးသည် ဟောင်းနွမ်းလာခြင်းကြောင့် ပြန်လည်ပြုပြင်မွန်းမံခြင်းများ ဆောင်ရွက်လျှက်ရှိပြီး ရှေးဆက်၍ ရေရှည်တည်တံ ခိုင်မြဲတည်ရှိရေး ပြုပြင်မွန်းမံ ဆောင်ရွက်သွားရန် ငွေကြေးလိုအပ်မှု ရှိနေသဖြင့် ကျောင်း​ဆောင်ကြီး၏ အဖက်ဖက်မှ ပြုပြင်မွန်းမံ ဆောင်ရွက်သွားရန်အတွက် ရန်ပုံငွေ ရရှိရေး ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပရေးကို ရှေ့ရှူ့ကာ ရည်ရွယ်စိုက်ပျိုး ဆောင်ရွက်ခြင်းဖြစ်သည်

ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု ဟင်းအိုးချောင်း အခြေခံ ပညာရေး အစိုးရ မူလတန်းကျောင်းတွင် စုပေါင်း၍ ကော်ဖီပင်းများ စိုက်ပျိုးခြင်း ဆောင်ရွက်ရာမှာ ကျောင်းသားမိဘများ/ ကျောင်းအကျိုးတော်ဆောင်များ/ရပ်မိ/ရပ်ဖများ ဆယ်အိမ်မှူး/ရာအိမ်မှူးများ/အုပ်ချုပ်ရေး အဖွဲမှ တာဝန်ရှိသူ များတို့မှ စုပေါင်း၍ ကော်ဖီပင်များ စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ရာ ကော်ဖီပင် အပင်(၄၀၀)ကို စုပေါင်းစိုက်ပျိုးပြီးနောက် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် စိမ့းလန်းစိုပြေ သန့်ရှင်းသာယာ လှပျစရေးအတွက် စုပေါင်း၍ သန့်ရှင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်
MJA (ငပုတော)