အခမ်းအနားကျင်းပ

ငပုတော အောင်တိုဘာ ၇ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြိုနယ် ဟင်းအိုးချောင်းအုပ်စု သရက်ကုန်းကျေးရွာ ဗုဒ္ဓဝါဒီ ဧတော်ကျောင်းမှာ မြန်မာသက္ကရာစ် ၁၃၈၅ ခုနှစ် ဝါခေါင်လပြည့်ကျော် (၇) ရက် ခရစ်နှစ် ၂၀၂၃ ခုနှစ် အောင်တိုဘာလ (၇) ရက် ဒီကနေ့ နံနက် ၇း ၀၀ နာရီအချိန်တွင် ဗုဒ္ဓဝါဒီ ပြည်လုံးချမ်းသာ လူသူတော် သာသနာ အလံတင်ခြင်း ကျင်းပခဲ့ပြီး အဆိုပါ ပြည်လုံးချမ်းသာ လူသူတော်၏ သာသနာ အလံတင်းခြင်း အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း.ဝါခေါင်လပြည်ကျော်.(၇)ရက်နေ့၌ ကျင်းပပြုလုပ်မြဲ ပြုလုပ်ကျင်းပ ခြင်းဖြစ်သည်

အခမ်းအနားကို နံနက် ၇း၀၀ နာရီအချိန်မှာ
စတင်၍ အမွှေးနံ့သာတိုင်
များ ဆီမီးတိုင်များ ထွန်းညှိခြင်း အမွှေးနံ့သာရေ ဖြန်းဖက်ခြင်း.ဗုဒ္ဓဝါဒီ.လူသူတော်၏ စည်းမျဉ်းစည်းကမ်းများ.ပညတ်ချက်မျာ.အသိပေး နှိုးဆော်ချက်များ ဖတ်ကြားခြင်း မဂ်လာရွှေမောင်း တီးခပ်ခြင်း မေတ္တာပို့ခြင်းကို.ပြုလုပ်ကာ.ဗုဒ္ဓဝါဒီ ပြည်လုံးချမ်းသာ လူသူတော်.သာသနာ.အလံတင်ခြင်း ပြု လုပ်ခဲ့ကြသည်

ဗုဒ္ဓဝါဒီ.ပြည်လုံးချမ်းသာ လူသူတော်၏ သာသနာ အလံတင်းခြင်း အခမ်းအနား ပြီးသည်နောက် ဗုဒ္ဓဝါဒီ ဧတော်ကျောင်းတွင် ဆက်လက်၍ ဘုရားဝတ်ပြုခြင်း သီလဘာဝနာ ခံယူတည်ဆောက်ခြင်း ဆီမီး/ ပန်းရေချမ်း ဆွမ်းဗောဇဉ် ကပ်လှူပူဇော်ခြင်း ဘုရားလူ (ဂေါပက) တို့မှ ဆုံးမ ဩဝါဒပေးခြင်းများ ကျင်းပပြုလုပ်ပြီး ဗုဒ္ဓဝါဒီ ပြည်လုံးချမ်းသာ လူသူတော် သာသနာ အလံတင်းခြင်း အခမ်းအနားသို့ ရောက်ရှိလာကြသော ဓမ္မ ဧည့်ပရိသတ်များတို့အား အသက်သတ်လွတ် မုန့်ဟင်းခါး အစာအဟာရဖြင့် ကျွေးမွေးဧည့်ခံခဲကြ
ကြောင်း သတင်းရရှိသည်
MJA. (ငပုတော)