ဆောင်ရွက် ပေးလျက်ရှိ

ငပုတော ဩဂုတ် ၁၆ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဩဂုတ်လ ၁၆ ရက် ဒီကနေ့မှာ ပြည်သူ့ကျန်းမာရေး အခမဲ့ဆေးဝါး စောင့်ရှောက်မှုကို ဆောင်ရွက်ပေးခြင်း သွေးပေါင်ချိန်ခြင်း ဆီချိုရောဂါ စစ်ဆေးခြင်း ဆောင်ရန် ရှောင်ရန်များကို အသေးစိတ်ရှင်းလင်းမှာကြားခြင်း လိုအပ်သည့် ဆေးဝါးများကို အခမဲ့ပေးဝေခြင်းများ ဆောင်ရွက်ခဲ့
သည်

ပြည်သူ့ကျန်းမားရေး အခမဲ့ ဆေးဝါးစောင့်ရှောက်မှု ဆောင်ရွက်ပေးရာမှာ ဟင်းအိုးချောင်းအုပ်စု ရေငံ–သရက်ကုန်း.ကျန်းမာချမ်းသာ အခမဲ့ဆေးပးခန်းမှ ဆေးကြီးကြပ်(၂) ဦးရဲလင်းကျော်မှ ဦးဆောင်ခြင်းဖြင့်ဆေးဝန်ထမ်း ပရဟိတ ပူးပေါင်းအဖွဲ့တို့မှ ပြည်သူ့ကျန်းမာရေး အခမဲ့ဆေးဝါးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းဖြစ်သည်

ဩဂုတ်လ ၁၆ ရက် ဒီကနေ့မှာ ပြည်သူ့ကျန်းမာရေး အခမဲ့ဆေးဝါး စောင့်ရှောက်မှု ဆောင်ရွက်ပေးရခြင်းမှာ
ကျေးလက်နေပြည်သူများ ကျန်းမာကြုံခိုင်၍ မိသားစုများ ချမ်းမြေ့ပျော်ရွှင်သော နေထိုင်မှု ရရှိနိုင်ရေး နေ့စဉ်လူမှုဘဝကို ကျန်းမာစွာကျော်ဖြတ်နိုင်ရေး အခြေခံပုံမှန် ဝင်ငွေနည်းပါး၍ ဆင်းရဲနွမ်းပါးသူများ လိုအပ်လျက်ရှိသော ဆေး
ဝါးများကို သုံးစွဲနိုင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက် ပေးခြင်းလည်းဖြစ်သည်

ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း ကျန်းမာချမ်းသာ အခမဲ့ဆေးပေးခန်းမှ ဆေးဝန်ထမ်း ဆေးပရဟိတ အဖွဲ့တို့မှ ပြည်သူ့ကျန်းမာရေး အခမဲ့ဆေးဝါး စောင့်ရှောက်မှုကို ဩဂုတ်လ ၁၆ ရက် ဒီကနေ့မှာ စတင်၍ဆောင်ရွက်ပေးခဲ့ပြီး လစဉ်လတိုင်း တစ်လလျှင် (၂)ကြိမ် နံနက် ၉း၀၀ နာရီမှ ညနေ.၃း၀၀ နာရီအချိန်ထိ ပုံမှန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဩဂုတ်လ ၁၆ ရက် ဒီကနေ့မှာ ပြည်သူဦးရေ ၁၀၀ ကျော်ကို ပြည်သူ့ကျန်းမာရေး အခမဲ့ဆေးဝါး စောင့်ရှောက်မှုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်
MJA (ငပုတော)