ငပုတော စက်တင်ဘာ ၂၂ ရက်

ဧရဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ကွင်းချောင်းအုပ်စု သာကျော်ကွင်းကျေးရွာတွင် စက်တင်ဘာလ အတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ ဝင်ရောက်ကာ သာကျော်ကွင်း.ကျေးရွာတွင် စက်တင်ဘာလ ၂၁ ရက် နေ့က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း ဆက်သွယ်ရေး လမ်းမကြီးမှ ချောင်းကူးတံ .ဝဲဘက်ခြမ်း အုပ်ရိုးကျိုးပျက် မြေသားပြိုကျခြင်းများ ဖြစ်ပေါ်
ခဲ့သည်

ကွင်းချောင်းအုပ်စု သာကျော်ကွင်း ကျေးရွာသည် တောင်ခြေရင်းအနီး တောင်ကျချောင်းနဘေးတွင် တည်ရှိကာ နစ်စဉ် မိုးရွာသွန်းမှု များလာပါက
တောင်ကျချောင်းရေ ဝင်ရောက်ခြင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း ရှိခဲ့သော်လည်း ယခုနှစ်ကဲ့သို့ ချောင်းကူး
လမ်းတံတား ကျိုးပျက် ပြိုကျခြင်းမျိုး ဖြစ်ပေါ်ခြင်း မရှိခဲ့ပါ

ငပုတောမွို့နယျတှငျ စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှူကြောင့် ကွင်းချောင်းအုပ်စု သာကျော်ကွင်း ကျေးရွားမှာ တောင်ကျ
ချောင်းရေ ဝင်ရောက်မှု ရေကြီးရေလျှံခြင်း ဖြစ်ပေါ်မှုကြောင့် ပုသိမ်မော်တင် လမ်းမကြီးမှ ကွင်းချောင်းအုပ်စု/ဟင်းအိုးချောင်းအုပ်စု/ကမ်းနီအုပ်စု တမန်ချောင်းအုပ်စု/ စမ်းချောင်းစဉ်းအိုးဖို များတို့ကို ဆက်သွယ်ထားသော ဆက်သွယ်ရေး မိန်းလမ်းကြီး ချောင်းကူးတံတားသည် စက်တင်ဘာလ ၁၉ ရက်နေ့က စတင်ပြီး အောက်ခြေမြေသား နိပ်ကျခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာ အုပ်ရိုးကျိးပျက် မြေသား ပြိုကျခဲ့ရာ အုပ်ရိုး ချောင်းကူးတံတား အလျှားအရှည် (၁၂)ပေ အနံ အကျယ် (၁၂) ပေ အမြင့် (၈)ပေရှိ ပြီး
စက်တင်ဘာလ ၂၂ ရက် ဒီကနေ့မှာ ပုသိမ်ခရိုင် လမ်း/တံတား ဦးစီးဌာနမှ (ဒု)လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန္ဒကျော်ပါ နှစ်ဦးတို့မှ သွားရောက်ကြည့်ရှူ့.ထောက်ပံ့ကူညီမှူများ ဆောင်ရွက်ပေး
ကာ.အုပ်စုချုပ်ရေးမှူး/ရပ်မိ/ရပ်ဖများဆယ်အိမ်မှူး/ရာအိမ်မှူးများတို့မှ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှသည်
MJA (ငပုတော)