ငပုတော အောင်တိုဘာ ၆ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်း အုပ်စု ဟင်းအိုးချောင်းကျေးရွာ သာသနာ့မဥ္ဇူ ဘုန်းတော်ကြီးတွင် ကျောင်းဝင်းနှင့် ကျောင်းမျက်နှစာ ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာ လှပရေး စိမ်းလန်း စိုပြေရေးအတွက် စုပေါင်း၍ သန်းရှင်းရေးကို မြန်မာသက္ကရာစ် ၁၃၈၅ ခုနှစ် တော်သလင်း လပြည့်ကျော် (၈)ရက် ခရစ်နှစ် ၂၀၂၃ ခုနှစ် အောင်တိုဘာလ ၆ ရက် ဒီကနေ့မှာ စုပေါင်း ဆောင်ရွက်ခဲ့ကြသည်

ဟင်းအိုးချောင်းအုပ်စု ဟင်းအိုးချောင်းကျေးရွာ သာသနာ့မဥ္ဇူ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းဝင်းနှင့် ကျောင်းမျက်နှာစာ ကျောင်းပတ်ဝန်းကျင်း သန့်ရှင်း သာယာ လှပရေး စိမ်းလန်း စိုပြေရေးအတွက်.စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ရခြင်းမှာ မကြာခင် အချိန်ကာလ တစ်ခုဖြစ်တဲ့ ဝါတွင်းကင်းလွပ် သီတင်းကျွတ် ကာလကို ရောက်ရှိတော့မှာ ဖြစ်သလို သီတင်းကျွတ် ပွဲတော်များ ဘုံကထိန် အလှူပွဲများနှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်များ ကျင်းပပြုလုပ်
ရတော့မှာ ဖြစ်သည့်အတွက် ခြေခင်း/လက်ခင်း အန္တရာယ် ကင်းရှင်းရေး တို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း ဖြစ်သည်

သာသနာ့မဥ္ဇူ ဘုန်းတော်ကြီး ကျောင်းအတွင်း ကျောင်းဝင်းနှင့် ကျောင်းမျက်နှာစာ ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာ လှပရေး စိမ်းလန်း စိုပြေရေး အတွက်ကို စုပေါင်း၍ သန့်ရှင်းရေးကို ဆောင်ရွက်ရာမှာ မျက်ခုတ်(ရိတ်)စက် (၄) လုံးဖြင့် ခုတ်ထွင်(ရိတ်ဖြတ်) ရှင်းလင်းခြင်း ဆောင်ရွက်​
ကြပြီး အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဂေါပက ဉက္ကဌ ဦးဝင်းလှိုင်မှ ဦးဆောင်၍ လူငယ်လေးများမှ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်
MJA (ငပုတော)