ငပုတော စက်တင်ဘာ ၁၉ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၂၃ ခုနှစ် ၂/စက်တင်ဘာလ ရှေ့လုပ်ငန်းစဉ်.ဆောင်ရွက်ရန် စက်တင်ဘာလ ၁၉ ရက် ဒီကနေ့ နေ့လည် ၁၂း၀၀ နာရီအချိန်မှာ ဆွေးနွေးညှိနှိုင်းခြင်းကို ဆောင်ရွက်ခဲ့သည်

ရှေ့ဦးစွာ အုပ်စုစာရေး ဦးကျော်ကိုကိုမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး အ
ခမ်းအနား ဖွင့်လှစ်
ကြောင်း ကြေငြာခြင်းပြီး နောက် ဟင်းအိုးချောင်းအုပ်စု အုပ်စုအုပ်ချုပ်ရေးမှူး မန်းဇာနည်အောင်မှ မြို့နယ်စီမံအုပ်ချုပ်ရေးရဲ့ ညွှန်ကြားချက်နှင့် ရှေ့ဆက် လုပ်ငန်းစဉ်များ ကျေးရွာအုပ်စု လုံခြံရေးအတွက် အုပ်စုအချုပ်ရေးမှူးများမှ တိကျစွာ ဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်

အုပ်ချုပ်ရေးမှူး မန်းဇာနည်အောင်မှ ဆွေးနွေးပြောကြားရာမှာ ယခုအချိန်အခါသည် နိုင်ငံရေး.အခြေအနေကို အကြောင်းပြုကာ ခိုး ဆိုးလု့ နှိုက်များ ရှိနေကြောင်း ကျေးရွာအုပ်စု အတွင်းမှာ လုံခြံရေး အခြေအနေ လိုအပ်နေပါကြောင်း ကျေးရွာအုပ်စုအတွင်း သော်လည်းကောင်း မိမိတို့.အိမ်ဂေဟာသို့ လည်းကောင်း
အုပ်စုကျော် မြို့နယ်ကျော် တိုင်းနှင့်ပြည်နယ် အပိုင်ကျော်မှ ရောက်ရှိလာသော ဧည့်သည်များကို ဧည့်စာရင်း.တိကျစွာ တိုင်ကြားပေးကြဖို့ လိုပါကြောင်း တိုင်ကြားခြင်း မရှိပါက အုပ်ချုပ်ရေးအဖွဲ့မှ ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခြင်း ပြုလုပ်၍ ဧည့်စာရင်းတိုင်ကြားခြင်း မရှိသော အိမ်ရှင်နှင့် ဧည့်သည်တို့ကို ဥကဒေနှင့်အညီ တရားစွဲဆို ဆောင်
ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်

ဆက်လက်၍ ပြောကြားရာမှာလည်း ဟင်းအိုးချောင်းအုပ်စု အတွင်းရှိ တောင်သူများ.ရိုးပြတ်ရိုးငုတ် မကျန်ရှိရေး စိုက်ပျိုးသွားဖို့နှင့် ပိုက်ဆံလျှော် ပင်.ဧက (၃ဝ) စိုက်ပျိုးသွားရန် ကော်ဖီပင် (၂) ဧကကို စိုက်ပျိုးသွားရန် ပြည်တွင်းစားသုံးဆီ ဖူလုံစွာ ရရှိနိုင်ရေး အတွက်ကိုလည်း ဆီနေကြာများ စိုက်ပျိုးသွားရန် မြို့နယ်စီမီ အုပ်ချုပ်ရေးမှ ညွှန်ကြားထားပြီးဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် တက်ရောက်လာကြသော ရပ်မိ/ရပ်ဖများ/အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များ/ ဆယ်အိမ်မှူး ရာအိမ်မှူးများတို့မှ အပြန်အလန် အကြေအလည် ဆွေးနွေး
ပြောကြားခဲ့ကြောင်း သတင်းရရှိသည်
MJA. (ငပုတော)