သူများထံသို့ သက်သာသောဈေးနှုံးဖြင့် ဆန် ဆီ ရောင်းချပေးခြင်းပြုလုပ်

ငပုတော အောင်တိုဘာ ၅ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့
နယ် ဟင်းအိုးချောင်းအုပ်စု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် အောင်ဘာလ ၅ ရက် ဒီကနေ့မနက် ၈း၀၀ နာရီ အချိန်က အုပ်စုအတွင်းရှိဒေသခံ ပြည်သူများထံသို့ သက်သာသော ဈေးနှုံးဖြင့် ဆန်နှင့်ဆီးများကို လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်

ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စုတွင် ဒေသခံ
ပြည်သူများကို ဆန်/ဆီ ရောင်းချပေးခြင်းမှာ မြိုနယ်စီမံ အုပ်ချုပ်ရေးမှူး
၏ လမ်းညွှန်ချက်ဖြင့် တစ်အိမ်ထောင်လျင် ဆန်(၁)ပြည်ကိုငွေ ၂၅၀၀ ကျပ်ဖြင့်လည်းကောင်း ဆီ(၅၀)သား (၁)ဗူးလျင် ငွေ ၂၅၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးခဲ့ပြီး အဆိုပါ ဆန်နှင့်ဆီရောင်းချပေးခြင်းကို ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများ အသင်း/AGTI ONE ကုမ္ပဏီ လိမီတက်မှ ဆီ(၁)သာလျင်ငွေ ၄၅၀၀ကျပ်ဖြင့် ပံ့ပိုးကူညီပေး ခဲ့ခြင်းဖြစ်သည်

၎င်းကဲ့သို့ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများကို တစ်အိမ်ထောင် ဆန်(၁)ပြည် ဆီ(၅၀) သားခွဲတမ်းဖြင့် ရောင်းချပေးရခြင်းမှာ ဆင်းရဲနွမ်းပါးပြီး နေ့စဉ်ပုံမှန် ဝင်ငွေမရှိသော ပြည်သူများ စားဝတ်နေရေး အခက်အဲ ဖြစ်ပေါ်ကြုံတွေ့ နေရသူများ
အဆင်ပြေစေနိုင်ရေးကို ရည်ရွယ်ဆောင်ရွက်
ရောင်းချပေးခြင်းဖြစ်ပြီး ၎င်းကဲ့သို့ ဆန်နှင့်ဆီကို ရောင်းချပေးသော တာဝန်ရှိသူများကို ဒေသခံပြည်သူများမှလည်း အထူပင်ကျေးဇူးတင်လျက်ရှိကြောင်းနှင့် ဆန်နှင့်ဆီများကို ဒေသခံ ပြည်သူ
များထံသို့ လက်ဝယ်အရောက် ရောင်းချပေးခြင်းကို ဟင်းအိုးချောင်းအုပ်စု
အုပ်ချုပ်ရေးမှူး/ရပ်မိ/ရပ်ဖများ/ဘုတ်အဖွဲ့ဝင်းများမှ စီစဉ်ဆောင်ရွက်ခြင်းဖြင့် ဆန်(၁)ခွဲအိတ်(၄)အိတ်
ဆီ (၄)ပုံးကို ရောင်းချပေးနိုင်ခံ့ကြောင်း သတင်းရရှိသည်
MJA (ငပုတော)