လှူခြင်း အခမ်းအနားကျင်းပ

ငပုတော ဩဂုတ်.၁၁. ရက်

ဧရာဝတီတိုင်း ဒေသကြီး.ပုသိမ်ခရိုင်.ငပုတောမြို့နယ်.ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း အခြေခံပညာရေး အထက်တန်းကျောင်း(ခွဲ)တွင် မြန်မာသက္ကရာဇ်.၁၃၈၅ ခုနှစ် ဒုတိယဝါဆို.လဆန်း ၁၀ ရက် ခရစ်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၁ ရက်ရက် ဒီကနေ့မနက်က ၁၉ ကြိမ်မြှောက်.စုပေါင်းဝါဆိုသဃ်န်း.ကပ်လှူခြင်းအခမ်းအနားကျင်းပခဲ့သည်

အခမ်းအနားကို မနက် ၉း၀၀ နာရီအချိန်မှာစတင်၍ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့်.ဓမ္မဧည့်ပရိသတ်များတို့မှ.နမောဒဿ သုံးကြိမ်သံပြိုင် ရွတ်ဆိုဖွင့်လှစ်ပြီး ဟင်းအိုးချောင်း သာသနာ့ မဉ်ဇူ ကျောင်းထိုင်ဆရာတော် ဥူးကေသဝထံမှ သရဏဂုဏ် သုံးပါးနှင့်တကွ ငါးပါးသီလ ဆောက်တည်ခံယူခဲ့ကြသည်

၎င်းနောက် ကြွရောက်လာကြသော ဆရာတော်များအား ဝါဆိုသဃ်န်းနှင့်တကွ နဝကမ္မ ဝတ္ထုအလှူ
ငွေများ ဆက်ကပ်လှူတမ်းခြင်း.ဆရာတော်များ
မှ အန္တရာယ်ကင်း မေတ္တာသုတ္တံ ပရိတ်တရားတော်ကို ရွတ်ဖတ်ချီးမြှင့်ပေးခြင်းဖြင့် စုပေါင်းဝါဆိုသဃ်န်း ကပ်လှူခြင်းအခမ်းအနားသို့ ရောက်ရှိလာကြသော ဓမ္မဧည့်ပရိသတ်များ.ကျောင်းဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများမှ ခံယူဆောက်တည်
ခဲ့ကြသည်

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိာဝါဆို လဆန်း ၁၀ ရက်
ခရစ်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၁ ရက်ဒီကနေ့ မှာ ကျောင်းဆရာ/ဆရာမများ/ကျာင်းသား/ကျောင်းသူများ/ကျောင်းသားမိဘများ စုပေါင်းဝါဆိုသဃ်န်း ကပ်လှူခြင်း အလှူမဂ်လာတရားတော်ကို ဟင်းအိုးချောင်း သာသနာ့မဉ်ဇူ ကျောင်းထိုင်ဆရာတော် ဥူးကေသဝမှ ဟောကြားချီးမြှင့်ခဲ့ပြီး လှူဖွယ်ဝတ္ထု ကုသိုလ်ကောင်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်သံပြိုင် ရွတ်ဆို၍ ၁၉ကြိမ်မြှောက် စုပေါင်းဝါဆိုသဃ်န်း ကပ်လှူခြင်း အခမ်း အနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်
MJA (ငပုတော)