စစ်ကြောင်းဖြင့် ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းဆောင်ရွက်

ငပုတော ဩဂုတ် ၂၄ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများ လုံခြုံရေး/တရားဥပဒေ စိုးမိုးရေး/ ကျေးရွာအုပ်စု အေးချမ်း သာယာရေးနှင့်/ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာများ
ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၄ ရက် ဒီကနေ့ နေ့လည် ၉း၀၀ နာရီအချိန်က ဟင်းအိုးချောင်းအုပ်စု သရက်ကုန်းကျေးရွာ ဗုဒ္ဓဝါဒီ ဧတော်ကျောင်းတွင် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခြင်းကို ဆောင်ရွက်ခဲ့သည်

အဆိုပါ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာ အုပ်စု အတွင်းရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာမှာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး စိုးရာဇာမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက်ကို အထူး အလေးထား ကရုပြု၍ ဆောင်ရွက်နိုင်ရေး အရေးပေါ် ထူးခြားဖြစ်စဉ်များ ရှိလာပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အမြန်ဆုံး ချက်ချင်း တင်ပြနိုင်ရေး အရေးကြီးကြောင်း ပြောကြားခဲ့သည်

မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းဦးက ပြောကြားရာမှာ မိုးစပါး တစ်ဧကလျင် ဆယ်တင်းနှုံး တိုးထွက်ရေး ရွှေခရု ဖျက်ဆီးခြင်း အန္တရာယ်မှ ကြိတင်ကာကွယ် နှိမ်နင်းနိုင်ရေး ရိုပြတ်ကြံ မရှိ စိုက်ပျိုးရေးနှင့် စိုက်နည်းစနစ်တကျ မှန်ကန်စေရေး ခိုးဝင် ဘဂ်ါလီများ မရှိစေရေး ဧည်သည်အဝင်ထွက်ကို အမြဲသတိထားကာ ဧည့်စာရင်း တိုင်ကြားရေး မိုးဘဏ်ကြွေး ပြန်လည်ပေးသွင်းနိုင်ရေး တိုကိုချပြ ပြောကြားခဲ့သည်

၎င်းနောက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်မှလည်း ဒေသခံ ပြည်သူများအား သစ်စိမ်း မြေဩဇာနှင့် သဘာဝ မြေဩဇာ အချိုးကျ အချိုးညီစွာ သုံးစွဲတတ်စေရေး နိုင်ငံ့စီပွါး မြှင့်တင်ရေးနှင့် အခြားသော လိုအပ်သည်များကို ဖြည့်စွက် ပြောကြားပြီးနောက် ဒေသခံ ပြည်သူများရဲ့ တင်ပြလာမှု များအပေါ် တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်
MJA (ငပုတော)