ငပုေတာ အောင်တိုဘာ ၉ ရက်

ဧရာဝတီတိုင်း ဒေသကြီး
ပုသိမ်ခရိုင် ငပုတောမြို့
နယ်ဟင်းအိုးချောင်းအုပ်စု တိုးလှေ
ကုန်းကျေးရွာ ရပ်မိ/ရပ်ဖ မန်းသန်းဌေး၏ နေအိမ်တွင် စုရပ်ဖြင့် အောင်တိုဘာလ ၉ ရက် ဒီကနေ့မှာ
ပြ ည်သူ့ကျန်းမာရေး
အခမဲ့ ဆေးဝါးကုသ ကျန်းမာရေး.စောင့်ရှောက်ခြင်းကို ပြုလုပ်
ဆောင်ရွက်ပေးခဲ့ပြီး
သွေး​ပေါင်ချိန်ခြင်း ဆီချိုရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်း အခြားသော ကူးစက်ရောဂါ ရှိ/မရှိ စမ်းသပ် ​စစ်ဆေးခြင်းကို အခမဲ့ ဆေးဝါးကုသမှုဆောင်ရွက်ပေးခဲ့ကြသည်

ပြည်သူ့ကျန်းမာရေး အခ မဲ့ ဆေးဝါးကုသ ဆောင်ရွက်​ပေးခဲ့ရာမှာ ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်းကျေးရွာ ကျန်းမာချမ်းသာ ပရဟိတ ဆေးပေးခန်းမှ ဆေးပရဟိတ ဆေးအဖွဲ့ ဆေးကြီးကြပ်(၂) ဦးရဲလင်းကျော်က ဦးဆောင်ခြင်းဖြင့် ဆေးပရဟိ ဝန်ထမ်းပူးပေါင်း အဖွဲ့တို့သည် ပြည်သူ့ကျန်းမာရေး အခ
မဲ့ ဆေးဝါးကုသ ကျန်းမာ ရေး စောင့်ရှောက်မှု ဆောင်ရွက်ခြင်းဖြစ်သည်

အောင်တိုဘာလ ၉ ရက်
ဒီကနေ့မှာ ပြည်သူ့ကျန်းမာရေး အခမဲ့ ဆေးဝါးကုသ
ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ရာမှာ
ကျေးလက်နေ ပြည်သူများ ​ကျန်းမာကြံ့ခိုင်၍
ကျန်းမာပျော်ရွှင်သော မိသားစုဘဝ ရပ်တည် နေထိုင်နိုင်ရေး နေ့စဥ်လူမှု ဘဝကျန်းမာစွာ ကျော်ဖြတ်နိုင်ရေး အခြေခံ လူတန်းစား ပုံမှန်ဝင်ငွေ မရှိ ဆင်းရဲနွမ်းပါး သူများ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသ ကုသနိုင်ခြင်းမရှိ ဆေးဝါးလိုအပ်နေသောသူများအဆင်ပြေစွာ ဆေးဝါးများ သုံးစွဲနိုင်ရေး တို့ကိုရည်ရွယ် ဆောင်ရွက်ပေးခြင်းဖြစ်သည်

ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကန်း ကျန်းမာချမ်းသာ အခမဲ့ ပရဟိတ
ဆေးပေးခန်းမှ ဆဝန်ထမ်းများ ဆေးပရဟိတ အဖွဲ့တို့မှ ပြည်သူ့ ကျန်းမာရေး အခမဲ့
​ဆေးဝါးကုသ ကျန်းမာ ရေး စောင့်ရှောက်မှုကို တိုးလှေကုန်းကျေးရွာ ရပ်မိ/ရပ်ဖ ဖြစ်သော မန်းသန်း၏ နေအိမ်တွင်
မနက် ၉း၀၀ နာရီအချိန်မှ နေ့လယ် ၁၂း၀၀ နာရီအချိန်အထိ ဆောင်ရွက်ပေးခဲ့ကြပြီး အခမဲ့ ဆေးဝါးကုသ ကျန်းမာ ရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ရာ တိုးလှေကုန်းကျေးရွာ ဒေသခံ ပြည်သူ ဦးရေ (၃၀)ကျော်ကို ပြည်သူ့ကျန်းမာရေး အခမဲ့ ဆေး
ဝါးကုသမှုကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အောင်တိုဘာ ၁၁ ရက်နေ့မှာလည်း ဟင်းအို့းချောင်းအုပ်စု မြက်တိုကွင်း ကျေးရွာမှာ ကျန်းမာရေး စောင့်ရှောက်ခြင်းကို ဆက်လက်ဆောင်
ရွက် ပေးသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်
MJA (ငပုတော)