စစ်ကိုင်းတိုင်းဒေသကြီး၊ ခေါင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ နွယ်ခွေကျေးရွာသွား ကားလမ်းပေါ်၌ အကြမ်းဖက် NUG လက်ပါးစေ ပကဖ အမည်ခံ အကြမ်းဖက်အုပ်စုက ယာဥ်မောင်း အရပ်သားတစ်ဦးကို ခေါင်းဖြတ်သတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။

သေဆုံးသူမှာ ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင်နေထိုင်သည့် အောင်ကျော်မိုး (ခ) ရင်မောင်ဇင် (ဘ) ဦးစိုးမြင့် ဖြစ်ကြောင်း သိရပြီး  မုံရွာ- မန္တလေး ကုန်တင်ကားမောင်းနှင်သူဖြစ်သည်ဟုဆိုသည်။

၎င်းသည် လွန်ခဲ့သော ၃ ရက်ခန့်ကတည်းက မော်တော်ယာဥ်နှင့် အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်ကာ ယနေ့ (သြဂုတ် ၁၂ ရက်) နံနက် ၈ နာရီခွဲအချိန်ကမှ ၎င်း၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

mhtnews