နေပြည်တော်၊ ဩဂုတ် – ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက် သည့် လုပ်ငန်းညှိနှိိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ် တော် အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နေပြည်တော်သည် မြန်မာ နိုင်ငံ၏မြို့တော်ဖြစ်ပြီး အုပ်ချုပ်ရေး၏ဗဟိုချက်ဖြစ်သဖြင့် နေပြည်တော် တိုးတက် အောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကို နိုင်ငံ၏မြို့တော်ပီသအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်း ထားသည့် စကျင်ကျောက်တော်ကြီးကို တပ်မတော်မှဦးဆောင်၍ ဘုရားတည်ထားရန် အတွက် လွှဲအပ်ခဲ့ကြောင်း၊ ဘုရားကြီးတည်ထားကိုးကွယ်ရာတွင် ခမ်းခမ်းနားနားနှင့် အကောင်းဆုံးဖြစ်စေရန် ကြိုတင်မျှော်တွေးပြီး စဉ်းစားဆောင်ရွက်ခဲ့ကြောင်း၊ ဘုရားတည်ထားရန် မြေနေရာရွေးချယ်ဆောင်ရွက်မှုများကိုလည်း တစ်ပါတည်း လှူဒါန်းသည့် မြေပေါ်တွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်မူလ အလှူရှင်မှလှူဒါန်းထားသည့် ကျောက်တုံးတော်ကြီးကို ဆင်းတုတော်ထုဆစ်နိုင်ရေး အကောင်းဆုံးကျောက်သားရရှိမှုကို တွက်ချက်ခဲ့ပြီး ဉာဏ်တော် ၆၃ ပေရှိသည့် ဆင်းတုတော်ကြီး ထုဆစ်နိုင်ရန်လိုအပ်သည့် ကျောက်တုံးတော်ရရှိရေး ဆောင်ရွက်ခဲ့ ကြောင်း၊ အလားတူ ဂန္ဓာကုဋိတိုက်များနှင့် သုဓမ္မာဇရပ်များကိုလည်း ထည့်သွင်း တည်ဆောက်ခဲ့ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် ကျောက် လုံးတော်ကြီးအား ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာ ဆင်းတုတော်ကြီးအဖြစ်တည် ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒ မိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင် ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိ အက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားဆောင်ရွက် ခဲ့ကြောင်း။

မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ချိန်တွင် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း လုပ်ငန်းများအဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်ပြီးစီးခဲ့ကြောင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်သည့်နေ့တွင် ရုပ်ပွားတော် တည်ဆောက်ရေးအတွက် ရရှိသည့်လှူဒါန်းငွေအစုစုကို စာရင်းပိတ်၍ ရေစက်ချလှူ ဒါန်းပြီးဖြစ်ကြောင်း၊ မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ် ကြောင်း၊ ဆင်းတုတော်ကြီး ကြည်ညိုသပ္ပါယ်ဖွယ် ဖြစ်စေရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် သာသနိကအဆောက်အဦများ၊ ရင်ပြင်တော်များနှင့် ဘုရားပရိဝုဏ်တော် ကြီးတစ်ခုလုံးအား စကျင်ကျောက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ကြီးကျယ်ခမ်းနား ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ခဲ့မှုသည် အခြား မည်သည့်နေရာတွင်မျှမရှိနိုင်ကြောင်း၊ စကျင်ကျောက်တော်ကြီး ပေါ်ထွန်းလာနိုင်မှု၊ စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်မှုနှင့် ကာလဒေသတို့အရလည်း ၎င်းကဲ့သို့ ထပ်မံ တည်ဆောက်ရန်မဖြစ်နိုင်ကြောင်း၊ စကျင်ကျောက်ဆိုသည်မှာ မြန်မာ့ထုံးတမ်း စဉ်လာအရ ရတနာတန်းဝင် အဖိုးတန်ကျောက်ဖြစ်ပြီး လာရောက်ဖူးမြော်သူများ အနေဖြင့် ငြိမ်းချမ်းမှု၊ အေးမြမှု၊ ဂုဏ်ကျက်သရေရှိမှုစသော ဂုဏ်သတ္တိများကို ရရှိနိုင် ကြောင်း၊ ထို့ကြောင့် ပျက်ဆီးမှုများမရှိစေရေး စနစ်တကျဖြင့် အသေးအဖွဲ့မှအစ